သတင်းများ

ရသေ့တောင်မြို့နယ် Community Centre ခန်းမ၌ စာအုပ်ပြပွဲပြုလုပ်
Mar 24,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီအချိန်က စာအုပ်ပြပွဲကို ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ
Mar 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရွှေလှေကျေးရွာ တပ်မတော်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မှုသော ပြည်လုံးကပ်ကျော်ကိုးနဝင်း စေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားသို့ ယမန်နေ့ နံနက် ၈ နာရီက အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တက်ရောက်ကြည်ညိုဖူးမျှော်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် ဆောင်းခရမ်းချဉ်သီးများ ဈေးကွက်သို့ လှိုင်လှိုင်ရောက်ရှိ
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မဈေးကြီးအတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့် ပျော်ဘွယ်၊ တောင်တွင်းကြီးဒေသမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ ဘဝတိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ပေးခဲ့သော လမ်းတံတားများ ရာနှုန်းပြည့်ပြီးစီး
Mar 24,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိကျေးလက်နေပြည်သူများ ဘဝတိုးတက်မြင့်မားစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ လမ်းတံတားများ တည်ဆောက်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 24,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပန်းချီပြိုင်ပွဲ ပြုလုပ်
Mar 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)၌ ယမန်နေ့နံနက်ပိုင်းက ပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲဆောင်ရွက်
Mar 24,2023
ကျောင်းသား၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့်ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့က