သတင်းများ

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Mar 24,2023
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ  ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိစေရန်နှင့်ဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ညနေ ၃ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့သည်။
မိုင်းပန်မြို့နယ် မွေတော်ပရိယတ္တိစာသင်တိုက်၌ ရှင်လောင်းပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပ
Mar 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော စုပေါင်းရှင်လောင်းပွဲကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက်ပိုင်းမှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် Talk Show ကျင်းပ
Mar 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယမန်နေ့က Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Mar 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။
တပ်ကုန်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဝင်းချောင်းကူးတံတားနှင့် ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲအခမ်းအနားများ ကျင်းပ
Mar 24,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်အုပ်စုအတွင်းရှိ ကျေးရွာတို့ကို ဆက်သွယ်ထားသော နဝင်းချောင်းကူးသံကူကွန်ကရစ်တံတားနှင့် ပုဏ္ဏမာ-ရွာတော်ကုန်ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပထမအကြိမ် ဥတ္တရသီရိမြို့နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပထမအကြိမ် မြို့နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ အစည်းအဝေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌ ဂုဏဝိသိဋ္ဌပူဇာ  ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်းအခမ်းအနား ကျင်းပ
Mar 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ရွှေဥဒေါင်းတောင်စိန်ရောင်ခြည်ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောက၊ သက်တော် ၅၄ နှစ်၊ ဝါတော် ၃၄ ဝါအား ဇန်နဝါရီလ ၄ ရက်တွင် ရောက်ရှိသည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခဲ့သဖြင့် တပည့်ဒါယကာ/ဒါယိကာမများမှ ထပ်ဆင့်ဂုဏ်ပြု ပူဇော် သော ဂုဏဝိသိဋ္ဌပူဇာအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂နာရီက အဆိုပါကျောင်းတိုက်တွင်  ကျင်းပသည်။
ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ မီးခိုးမြူငွေ့ညစ်ညမ်းခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Mar 23,2023
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့ညစ်ညမ်းခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။