သတင်းများ

မောက်မယ်မြို့နယ်၌ တိုင်းရင်းသားရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Mar 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဆီဆုံရပ်ကွက်ရှိ မြို့သမိုင်းဝင် ရှေးဟောင်းကျောင်း(မောက်စံ)ဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရှင်လောင်းအကြိုပွဲကို စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 
ဗန်းမော်မြို့တွင် ပိုးသတ်ဆေးဖျန်းခြင်း ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Mar 24,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်း ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို မတ် ၂၀ ရက်မှစတင်၍ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိန္တလီမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြကျင်းပ
Mar 24,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
မိုးမောက်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ
Mar 24,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က နယ်မြေခံတပ်ရင်းများနှင့် ဌာနဆိုင်ရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
အိမ်မဲမြို့နယ်တွင် မဟာသင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်မြန်မာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးဖြစ်သော မြန်မာရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
ရေသယံဇာတနှင့်ရာသီဥတုအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်
Mar 24,2023
၂၀၂၃ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ နှစ်(၃၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေသယံဇာတနှင့် ရာသီဥတုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြား‎ရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့ မြကန်သာရေကန် သန့်ရှင်းသာယာလှပရေးဆောင်ရွက်
Mar 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၏ ကျက်သရေဆောင် မြကန်သာရေကန်သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက်(၇)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့် ရှောက်ခြင်းများ ဆောင်ရွက်ပေး   
Mar 24,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် မတ် ၂၄ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။