အိမ်မဲမြို့နယ်တွင် မဟာသင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အိမ်မဲ မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်မြန်မာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးဖြစ်သော မြန်မာရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် ရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဌေး၊ ဗဟိုမဏ္ဍပ် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဇော်၊ ရေလုံလောက်စွာရရှိရေးကော်မတီဥက္ကဋ္ဌ၊ ပွဲတော်လုံခြုံရေး ကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးစောင့်ရှောက်ပေးရေးကော်မတီ ဥက္ကဋ္ဌ၊ ယိမ်းအဖွဲ့ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌတို့မှ အိမ်မဲမြို့နယ်တွင် မဟာသင်္ကြန်ကျင်းပနိုင်ရေးအတွက် အကျယ်တဝင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။

အိမ်မဲမြို့နယ်တွင် မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲများဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ)