လွိုင်လင်မြို့ မြကန်သာရေကန် သန့်ရှင်းသာယာလှပရေးဆောင်ရွက်

လွိုင်လင် မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၏ ကျက်သရေဆောင် မြကန်သာရေကန်သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက်(၇)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ရေကန်ပတ်လမ်းတစ်လျောက် ခြုံနွယ်များရှင်းလင်းခြင်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ မှလည်းကောင်း၊  ရေကန်အတွင်း ဒိုက်ပင်များ၊ မှော်ပင် များဆယ်ယူခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များကလည်းကောင်း ဆောင်ရွက်ကြသည်။ ယင်းတို့ ပြုလုပ်ခြင်းအားဖြင့် မြကန်သာရေကန်မှ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် နည်းပညာတက္ကသိုလ်(ပင်လုံ)တို့အား သန့်ရှင်းသောသုံးရေဖြန့်ဝေပေးနိုင်ခြင်း၊ အများပြည်သူများ စိတ်အေးချမ်းစွာ အပမ်းဖြေအနားယူနိုင်ခြင်းတို့ကို အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ မြို့နယ် ဥက္ကဋ္ဌ ဦးသိန်းထွဋ် နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်