သာယာဝတီမြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲ စတုတ္ထနေ့ဆက်လက်ဖြေဆို

သာယာဝတီ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲကို စတုတ္ထနေ့အဖြစ် သာယာဝတီမြို့ ကျိုက်ထို ဇောတိကာရုံပရိယတ္တိ စာသင်တိုက်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပလျက်ရှိကြောင်း သိရသည်။

ဓမ္မာစရိယစာမေးပွဲတွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ(၂) ဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိသံဃာ (၅၉)ပါး၊ သီလရှင်(၂)ပါး ဖြေဆိုခဲ့ပြီး  မြို့နယ်သာသနာရေးမှူးရုံးမှ သိရသည်။

သံဃာတော်များ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင် များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ် ဆွမ်းဘောဇဉ် အာဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)