ကျိုက်ထိုမြို့၌ စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရဓမ္မာစရိယ ပထမပြန်စာမေးပွဲအောင်မြင်တော်မူသော သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကျိုက်ထို မတ် ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အစိုးရဓမ္မာစရိယ ပထမပြန် စာမေးပွဲတွင်ဖြေဆို အောင်မြင်တော်မူကြသည့် သံဃာတော်(၂၄) ပါးတို့အားစာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုဆက်ကပ်ခြင်း အခမ်းအနားကို သာသနာတော် သက္ကရာဇ် ၂၅၆၆ ခု မြန်မာသက္ကရာဇ် ၁၃၈၄ ခု ယမန်နေ့ နေ့လည် ၁ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကံကြီး ဝိုင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုဇာတ ထံမှငါးပါးသီလခံယူတည်ဆောက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မဟာမရမ်းချိုဘေးမဲ့တောရကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ အာစာရထံမှ ဩဝါဒကထာချီးမြှင့်မှုကိုခံယူကာ ကျိုက်ပေါလောမှဲ့ရှင်တော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လွင်မှသာသနာရေး ဆိုင်ရာများလျှောက်ထာခဲ့သည်။

ယင်းနောက်ဆရာတော်ကြီးများထံ နဝကမ္မ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများကို ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းရာ ဘုရားသုံးဆူတောင်ပေါ်ကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တမှ ရေစက်သွန်းချ အနုမောဓနာတရားချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)