မင်းလှ မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေး နွေးပွဲပြုလုပ်ခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ မတ်လ ၂၈ ရက် နံနက် ၉ နာရီချိန်ကစတင်ဆောင်ရွက်ခဲ့သည်။
ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက အခြေခံပညာကျောင်းသား/ သူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတတ်မြှင့်မားလာစေရန်၊ အသစ်ခန့်ဆရာ/ ဆရာမများ၏ အရည်အသွေးတိုးတတ်မြှင့်မားလာစေရန်၊ ထူးချွန်ထက်မြက်သောနိုင်ငံသားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဆရာ ဆရာမများက တတ်ကြွပါဝင်ဆွေးနွေးပေးကြရန် အမှာစကားများပြောကြားသည်။
ဆွေးနွေးပွဲတွင် မူလတန်းအဆင့်ကျောင်းအုပ်ဆရာကြီး ဆရာမကြီး (၂၅)ဦးက နည်းပြအဖြစ်ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း(၁၅၅) ကျောင်းနှင့် ဘ/က(၄)ကျောင်း စုစုပေါင်း(၁၅၉) ကျောင်းမှ မူလတန်းအဆင့်ဆရာ ဆရာမများ(၇၃၂)ဦး တတ်ရောက်ခဲ့ကြောင်း၊ ဆွေးနွေးပွဲကိုမတ်လ(၂၈) ရက်မှ(၃၁) ရက်နေ့ထိ (၄) ရက်ကြာ နံနက်(၉) နာရီမှ ညနေ(၄) ရီချိန်ထိ KG မှ Grade-5 တန်းထိ ဘာသာရပ်များကို ဆွေးနွေးခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (ပြန်/ ဆက်)