ရေကြည် မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရေကြည်မြို့နယ် မီးသတ်ဦးစီးမှူးရုံးသစ် အဆောက်အဦဖွင့်ပွဲအခမ်းအနားကို ယနေ့မွှန်းလွှဲ(၃)နာရီအချိန်က အဆိုပါရုံးသစ်ရှေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးတို့မှ တက်ရောက်၍ အဆောက်အဦးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါရေကြည်မြို့နယ် မီးသတ်ဦးစီးမှူးရုံးသစ်ကို (Million Best Co.,Lt) မှ တာဝန်ယူ ဆောက်ပေးခဲ့ပြီး အဆောက်အဦးမှာ (၄၅' × ၅၀' × ၂၆)ပေ ၂ )ထပ် (RC)အဆောက်အဦဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ (၂၀၃.၅၇၂) ကျပ်သန်းဖြင့် (၁-၆-၂၀၂၂) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀-၃-၂၀၂၃) ရက်နေ့တွင်အောင်မြင့်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)