တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်    ဧပြီ ၁၄

မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သော ၁၃၈၄ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုနောက် သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ဖိတ်ကြားထားသောဧည့်သည့်တော်များကနေရာယူပြီးနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ဖွင့်ပွဲမင်္ဂလာအခါတော်ကြား  စာတမ်းအားဖတ်ကြား၍နှုတ်ခွန်းဆက်သသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးဒေါ်ပိုက်ပိုက်အေး တို့က ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တီးဝိုင်းအဖွဲ့နှင့် ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား အတာ ရေကိုသပြေခက်ဖြင့် ရိုးရာမပျက် ရေပက်ဖျန်းခဲ့ကြပြီးဒေသခံပြည်သူများက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အားပျှော်ရွှင်အေးချမ်းစွာပါဝင်ဆင်နွဲခဲ့ကြရာ လာရောက်ဆင်နွှဲသူ များအားအအေး၊ ဖျော်ရည်များဖြင့် ဧည့်ခံကျွေးမွေးသည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများအား ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၊ ယိမ်းအကအဖွဲ့များက အကပဒေသာဖြင့်လည်းကောင်း၊ ခေတ်ပေါ်တေးသီချင်းများဖြင့် လည်းကောင်း  သီဆိုကပြဖျော်ဖြေရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က  ဆုငွေများချီးမြင့်ခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အများပြည်သူတည်ငြိမ်အေးချမ်းစွာ အတာရေကစားနိုင်စေရေးနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အားရှေးရိုးရာအစဉ်အလာမပျက်ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)