သတင်းများ

မချမ်းဘော့မြို့ နတ်ကျွန်းပေါ်ရှိစူဠာမဏိစေတီတော်သို့ မိုင်းဖုန်းဆရာတော်ဘုရားကြီး ကြွရောက်ဖူးမျှော်ကြည်ညို
Apr 16,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ သင်္ကြန်ကာလဓမ္မဒူတခရီးစဥ်အဖြစ် ကြွချီတော်မူလာသော သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဉာဏ သံဝရ မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် ယမန်နေ့နေ့လယ် ၁ နာရီတွင် မချမ်းဘော့မြို့တစ်ဖက်ကမ်းရှိ ပူတာအိုမြို့နယ်နောင်ခိုင် ကျေးရွာစက်လှေဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် နတ်ကျွန်းပေါ်ရှိ စူဠာမဏိစေတီတော်ကို သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ သင်္ကြန်အကြတ်နေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာအခါသမယဖြစ်တဲ့ သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံလည်ပတ်သူများ၊  ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အပါအဝင်  တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် အထူးပင်ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိ
Apr 16,2023
ယနေ့တွင်ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင်  တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ အတာရေသဘင်ရေကစားမဏ္ဍပ်များနှင့် ရေပက်ခံကားများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင်ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိ
Apr 16,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကန်တော်ကြီးပတ်လမ်းပေါ်တွင် ပြင်ဦးလွင်မြို့ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့သင်္ကြန်အကြတ်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့ ပြည်သူများပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပလျက်ရှိရာ ယမန်နေ့သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အိမ်မဲမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ၊ လမ်းလျှောက်သင်္ကြန်ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိ
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ၊ ရေပတ်ခံထွက်သူများ၊ လမ်းလျှောက်သင်္ကြန်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ၊ လမ်းလျှောက်သင်္ကြန်ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိ
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ၊ ရေပတ်ခံထွက်သူများ၊ လမ်းလျှောက်သင်္ကြန်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကြတ်​နေ့) “စမ်းရေအေး” ရေကစားမဏ္ဍပ်၌ ပြည်သူများ​​ပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ စမ်းချောင်းမြို့နယ်“စမ်းရေအေး” ရေကစားမဏ္ဍပ်တွင်လည်း ယိမ်းအကအလှများဖြင့် ကပြဖျော်​ဖြေခြင်း၊ ငြိမ်းချမ်းရေးသံစဉ်လှိုင်းတီးဝိုင်းဖြင့် ဖျော်ဖြေခြင်း၊ ရေကစားကြခြင်းဖြင့် မဟာသင်္ကြန်ပွဲ​တော်ကို အေးချမ်း​ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ​ကြောင်း သိရသည်။