သတင်းများ

သရက်ချောင်းမြို့တွင် မဟာသင်္ကြန် အကြတ်နေ့၌ အတာရေသဘင်ပွဲကို ပြည်သူများအေးချမ်း ပျော်ရွင်စွာဆင်နွှဲ
Apr 16,2023
၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့ အတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊  သရက်ချောင်းမြို့တွင် ပြည်သူများရေပက်ခံထွက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် နှစ်သစ်ကူးအတာ ရေသဘင်ပွဲတော်ကို စည်ကားစွာဖြင့် ဆင်နွှဲလျက်ရှိကြသည်။
ငပလီမြို့တွင်မဟာသင်္ကြန်အကြတ်နေ့၌ရေကစားသူများဖြင့်အထူးစည်ကား
Apr 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီ​မြို့၌ မဟာသင်္ကြန်အကျနေ့တွင် ရခိုင့်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့်​​ မြို့​ပေါ်ရပ်ကွက်ငပလီကမ်းခြေတို့တွင် ယနေ့အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
ဝါးခယ်မမြို့နယ်တွင် အတာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့်စည်ကား
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယနေ့နံနက်ပိုင်းတွင် ရေပတ်ခံကစားသူပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ တစ်နှစ်လျှင်တစ်ကြိမ်သာကျရောက်သည့် မြန်မာရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်ကြည်နူးစွာမြန်မာ့ဓလေ့းတမ်းအစဥ်အလာများနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
သာယာဝတီမြို့နယ်တွင် မဟာသင်္ကြန်(အတက်နေ့)၌ အတာရေ ပက်ဖျန်းသူများဖြင့် စည်ကား
Apr 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊တန်ခူးလပြည့်ကျော် (၁၂)ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၆)ရက် မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)၌ သာယာဝတီခရိုင်၊ စျေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ  “မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်”တွင် ခရိုင်အတွင်းရှိမြို့နယ်အသီးသီးမှလာရောက် ရေကစားကြသူများ၊ မြို့ပေါ်ရပ်ကွက်များမှ လူငယ်လူရွယ်များ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့) ပြည်သူများ​အေးချမ်း​ပျော်ရွှင်စွာ ရေကစား
Apr 16,2023
ရန်ကုန်တိုင်းဒေသကြီး၊  သန်လျင်ရိုင်၊  သုံးခွမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင်ရေက စားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့်အေးချမ်း ပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ မြို့နယ်ရေကစားမဏ္ဍပ်တွင်လည်း ယိမ်းအကအလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ တေးသီချင်းများ ဖြင့်ဖျော်ဖြေခြင်း ရေကစားခြင်းဖြင့် မဟာသင်္ကြန်ပွဲ​တော် အတက်နေ့ကို ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစတင်၍ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မဟာသကြင်္န်အတတ်နေ့ မုဒုံမြို့နယ်၌ တန်ခိုးကြီးဘုရားများတွင်စည်ကား
Apr 16,2023
မဟာသကြင်္န်အတတ်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများ၊ တရားဘာဝနာပွားများသူများနှင့် မြို့နယ်ရေကစားမဏ္ဍပ်များ၌ ​ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
ဝမ်းတွင်းမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ပြည်သူများပျော်ရွှင်စွာ ဆင်နွှဲ
Apr 16,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ပြည်သူများအနေဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
သရက် ဗဟိုမဏ္ဍပ်သင်္ကြန်အကြတ်နေ့  ညနေပိုင်း အတာရေ ပက်ဖျန်းသူများဖြင့် စည်ကား
Apr 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ဗဟိုမဏ္ဍပ် သင်္ကြန်အကြတ်နေ့ ညနေပိုင်းတွင် အတာရေပက်ဖျန်းသူများ အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိရာရပ်ကွက်များတွင်လည်း စတုဒီသာများကျွေးမွေး လှူဒါန်းကြပြီး ဗဟိုမဏ္ဍပ်တွင်ဌာနဆိုင်ရာများမှ စတုဒီသာကျေးမွေးခြင်းများဖြင့် ဧည့်ခံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။