ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေး လုပ်ငန်းများအား  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများအား တာဝန်ရှိ သူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းဖြင့် ကြက်မောက်ကျေးရွာရှိ ဒေသခံ ပြည်သူများအား အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပြီး အဖွဲ့တစ်ဖွဲ့လျှင် မတည်ရန်ပုံငွေ ၇.၅သန်းနှင့် ပြည်သူ ထည့်ဝင်ငွေ ၂.၅သန်းတို့ဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ဒေါနအဖွဲ့နှင့် နှင်းဆီအဖွဲ့တို့မှ တစ်ဖွဲ့လျှင် ဆိတ် ၇၅ကောင်နှုန်း မွေးမြူထားပြီး ပိတောက်အဖွဲ့နှင့် စံပယ်အဖွဲ့တို့မှ  တစ်ဖွဲ့လျှင်  နွား ၁၅ကောင်တို့ကို မွေးမြူ၍ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၎င်းကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းဖြင့် ကြက်မောက်ကျေးရွာတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဆိတ်ကောင်ရေ ၁၅၀ မှ ဆိတ်အထီး ၉ကောင် ဆိတ်အမ ၂၄ တိုးပွားခဲ့ပြီး နွားကောင်ရေ (၃၀)မှ နွားတစ်ကောင်လျှင် အချိန် (၉) ပိဿာခန့် တိုးပွားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)