ရွှေကျင် ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ကုသရေးဦးစီးဌာနလက်အောက်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ဒေါက်တာသိန်းနိုင်လင်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေ၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီးသက်တမ်းစေ့ နေထိုင်သွား နိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း ကျန်းမာရေးစောင့်ရှောက် မှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကုတင် (၁၀၀)ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်းထံမှ သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သက်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှု့အားပေးပြီး လိုအပ်သည်များအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)