သရက်ချောင်း ဧပြီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာပေဝါသနာရှင်အား စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင် သားသား/မီးမီး တို့အလွယ်တကူလေ့လာ ဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကာတွန်းစာအုပ်များ၊ ဂျာနယ်များစသည့် ကလေးများ အသိပညာ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသကာ လေ့လာဖတ်ရှုခြင်း၊ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)