မေတ္တာမြို့၌ မီးဘေးလုံခြံရေး အသိပညာ​ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191) စတေကာ တံဆိပ်များ ကပ်နှိပ်ခြင်းများဆောင်ရွက်

မေတ္တာ  ဧပြီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး မီးဘေးလုံခြံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် (191)စတေကာတံဆိပ်များကပ်နှိပ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နယ်မြေခံမီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးညီညီနှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါ​ဝင်သော အဖွဲ့တို့ကမြို့ပေါ်ရပ်ကွက်များရှိစျေးဆိုင်များ၊ ဓာတ်ဆီဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများအား မီးဘေးလုံခြုံရေးအသိ ပညာပေးလက်ကမ်း​များဖြန့်ဝေပေးခြင်း၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတွင်(191)စတေကာတံဆိပ်များ ကပ်နှိပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် မီးဘေးရှောင်မလောင်ခင်တား၊ မီးဘေးဆိုသည်မှာ လူပြုသောဘေး တစ်ခုဖြစ်ကြောင်း၊ ကားတိုင်းတွင်မီးသတ်ဆေးဘူးများဆောင်ထားရန်၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးလောင်ကျွမ်းခြင်း၊ မီးဖိုအသုံးပြုလျှင်လိုက်နာရ မည့်အချက်များ၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် လုပ်ဆောင်ရမည့်အချက်များ၊ မိမိနေအိမ်တွင်မီးဘေး အန္တရာယ်ကင်းဝေး စေရန်ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ဆေးလိပ်သောက်လျှင်လိုက်နာရမည့်အချက်များ၊ ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီဖလှယ်လျှင်လိုက်နာရမည့်အချက်များ၊ မီးလောင်မှုတစ်စုံတစ်ခုဖြစ်လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များစသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

အေးအေးချို (မေတ္တာ)