မိုင်းနောင် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး မြို့အဆင့် (Working Group) အဖွဲ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ ယနေ့အထိ မြို့ပေါ်(၅)ရပ်ကွက် အသီးသီးတွင် ကွင်းဆင်းကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုကို ကျေးသီးမြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ ရေး ကြီးကြပ်မှုကော်မတီ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးထက်၏ ကြီးကြပ်မှုဌာနဆိုင်ရာများ၊ တာဝန်ကျစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် လူဦးရေစာရင်းများ ကျန်ရှိမှုမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မိုင်းနောင်မြို့အတွင်းရှိ ကျေးရွာအုပ်စုများအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် အိမ်ထောင်စု လဦးရေစာရင်းများ တိကျမှန်ကန်မှုရှိရေး၊ ဝေးလံခေါင်ဖျားကျေးရွာများအတွင်း သွားလာရာတွင် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေလွယ်ကူစေရေးတို့ကို ကြိုတင်စီမံ၍ စနစ်တကျကောက်ယူနိုင်ရေးများ ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရသည်။
မနန်း(မိုင်းနောင်)