တမူးမြို့အမှတ် (၂)အခြေခံပညာအထက်တန်း​ကျောင်းတွင် အသက် (၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေး

တမူး ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်အထက် ကိုဗစ်ရောဂါကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်( ၉) နာရီက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် တမူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးတုတ်ကြည်၊ တမူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းနိုင်ဦး၊ ကျန်းမာရေးမှူး ဦးမျိုးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများမှ ကူညီဆောင်ရွက်ပေးခဲ့ကြ၍ ကာကွယ်ဆေး မထိုးနှံမှီ  ကိုယ်အပူချိန်တိုင်းတာခြင်း သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန်အနေထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

တမူးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာ အုပ်စုများအလိုက် သတ်မှတ်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ