ကြို့ပင်ကောက်မြို့တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ကြို့ပင်ကောက် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအသိ ပညာဗသုသုတများတိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ခြံသာယာ(အမက)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ခြံသာယာ(အမက)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် မြို့နယ်ပြန်ဆက် ဦးစီးမှူး ဒေါ်ဝင်းလေးက ကလေးငယ်များကို အတန်းပညာသာမက ပြင်ပဗဟုသုတရရှိရန် စာအုပ်ကောင်းများကို လေ့လာဖတ်ရှုစေလိုကြောင်းနှင့် စာဖတ်ခြင်းသည် မိမိကိုယ်သာမက မိမိ၏မိသားစုဘဝကိုလည်းများစွာ ပြောင်းလဲနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝင်းက ကျောင်းသား ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်းနှင့် စက္ကူပြဇတ်ဖြင့်ပုံပြောခြင်း ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ခြံသာယာ(အမက)ကျောင်းရှိ ကျောင်းသား ကျောင်းသူ(၁၂၀)ကျော်အား သုတ ရသ ရုပ်ပြ မဂ္ဂဇင်း စာစောင်များကိုဖတ်ရှုစေခြင်းအပြင် လူကုန်းကူးမူနှင့် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး စသည့်နံရံကပ် စာ‌စောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့သည်။

ဇေယျာထွန်း (ပြန်/ ဆက်)