သာပေါင်းမြို့ နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ စပ်မျိုးဆောင်းနေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှုအခြေအနေများအား ကြည့်ရှုအားပေး

သာပေါင်း ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ အုပ်ရှစ်ကျေးရွာ၊ အုပ်ရှစ်ကျေးရွာတွင် ရေဆင်း(၁)စပ်မျိုးဆောင်းနေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအားများ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကြည့်ရှုအားပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိ၊ စိုက်တိုးမြင့်ကော်မတီအတွင်း‌ရေးမှူးဦးမျိုးမြင့်လွင်၊ ကျေးရွာစိုက်တိုးမြင့်ကော်မတီအဖွဲ့တို့က အုပ်ရှစ်ကျေးရွာ၊ ကွင်းအမှတ်(၅၅၄ B)၊ ဦးပိုင်အမှတ်(၁၆) တောင်သူဦးမြင့်ဝင်း၏ ဧရိယာ(၅)ဧကပေါ်တွင် ရေဆင်း(၁) စပ်မျိုးဆောင်းနေကြာ စိုက်ပျိုးထားရှိဖြစ်ထွန်းမှု အခြေအနေ၊ အုပ်ရှစ်ကျေးရွာအုပ်စု၊ အုပ်ရှစ်ကျေးရွာ၊ ကွင်းအမှတ်(၅၅၄A)၊ တောင်သူဦးချစ်စနိုး၊ တောင်သူဦးမြစိန်၊ တောင်သူ ဦးဖိုးအယ်လုံး၊ တောင်သူ ဦးခင်မောင်ရင်တို့၏ ဧရိယာ(၁၀)ဧကပေါ်၌ ရေဆင်း(၁) စပ်မျိုးဆောင်းနေကြာစိုက်ပျိုးထားရှိဖြစ်ထွန်းမှု အခြေအနေများအား ကြည့်ရှုအား‌ပေးပြီး မြေသားဘောင်လုံးပြုလုပ်ရန်၊ ရေသွင်း ရေပက်ဖျန်းခြင်းလုပ်ငန်းများ၊ နေကြာပင်ပေါက်သားခွဲရန်၊ ရွက်ဖျန်းမြေသြဇာကျွေးခြင်းများ ဆောင်ရွက်ပေးရန်တို့ကို မှာကြာခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)