သတင်းများ

ကျောက်ဖြူခရိုင်  Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်
Feb 04,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်သည်။
ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈) ဒိုးကွင်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Feb 04,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈)ဒိုးကွင်ရှိ စေတနာမောင်မယ် အခမဲ့လူငယ်လူမှုကူညီရေးအသင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက် 
Feb 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အုပ်ရှစ်ကျေးရွာအုပ်စု၊ အုပ်ရှစ်ကျေးရွာနှင့် မီးသွေးတိုက်ကျေးရွာအုပ်စု၊ သံပရာကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြသည်။
သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုန်းကွဲအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်
Feb 04,2023
ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်း‌ကျောင်းခွဲ(အုန်းကွဲ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အုန်းကွဲကျေးရွာအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 04,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာရေးဌာနတို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အင်တောမြို့တွင် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြခြင်းဆောင်ရွက်
Feb 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အင်တောနယ်မြေမီးသတ်စခန်းမှ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွှဲပိုင်းက အဆိုပါကျောင်းရှေ့တန်းစီကွင်း၌ ပြုလုပ်သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်ပေါင်ဝဲမြို့၌ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 04,2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့လည်၂နာရီအချိန်က မြို့နယ်အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။