သတင်းများ

ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်
Feb 04,2023
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးဟိုပုံးမြို့ ထမနဲစုပေါင်းအလှူပွဲသို့ တက်ရောက်အားပေး
Feb 04,2023
တပို့တွဲလရောက်သည့်အခါသမယ၌ အနယ်နယ်အရပ်ရပ်ရှိ ဒေသခံပြည်သူများတို့က စုပေါင်းထမနဲထိုးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး‌၌ ယမန်နေ့မွန်းလွဲ ၅ နာရီက ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့ပေါ်(၆)ရပ်ကွက်မှ ဒေသခံပြည်သူများတို့က သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးနှင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပို့တွဲလပြည့်နေ့တွင် ကပ်လှူနိုင်ရန်အတွက် စုပေါင်းထမနဲထိုးခဲ့ကြကြောင်း သိရသည်။
မိုးမိတ်မြို့နယ် တောင်ပိုင်းရပ်ကွက် အ-မ-က(၄)ကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော
Feb 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို တောင်ပိုင်းရပ်ကွက် ကြည်တော်စုရပ်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နေ့လည် ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊
မိုးညိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်ရေတွင်းဆိုလာ‌ရေတင်စနစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်
Feb 04,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်ရေတွင်းဆိုလာ‌ရေတင်စနစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပတ္တော်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်၌ (၁၅)ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲကျင်းပ
Feb 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ဦးဆောင်ကျင်းပသော(၁၅)ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲကို အဆိုပါတက္ကသိုလ်အရှေ့တိုင်း ပညာဌာနအဆောင် ၁၀ အခန်း(၃)တွင် ဖေဖော်ဝါရီ ၃ ရက်နေ့နံနက်ပိုင်းက စုပေါင်းသွေးလှုဒါန်းခဲ့သည်။
မိုင်းယောင်းမြို့နယ် ဝမ်တွီကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းဖွင့်
Feb 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်တွီကျေးရွာတွင် ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်း ဖွင့်ပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားသည်။
ဥတ္တရသီရိမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ
Feb 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေရေး၊ ဉာဏ်ပညာမြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ အခြခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပ
Feb 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။