ညောင်ဦး ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်လျက် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တောင်ဘကျေးရွာ ၊ ဘက်စုံးသုံးခန်းမ၌ လူငယ်ရေးရာဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က ပြည်ထောင်စုနေ့သမိုင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ဆိုင်ရာ သိနားလည်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ဥပဒေနှင့်အညီကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတမှုရှိရန် ညှိနှိုင်းပေါင်းစပ်ပေးရခြင်းလုပ်ငန်းစဉ်များဖြစ်ကြောင်း၊ စားသုံးသူများအခွင့်အရေး(၈)ချက်ရှိကြောင်း အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှု၊ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုခွင့်ရရှိစေခြင်း၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရယူပိုင်ခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုအတွက် ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများကို ဟောပြောဆွေးနွေးရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရကာ လူငယ်ရေးရာဟောပြောပွဲအပြီး ကျောင်းသား ကျောင်းသူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကာ လက်ကမ်းစာစောင်ပါအကြောင်းအရာများဖြစ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂.၂.၂၀၂၂ ရက်နေ့၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ကဗျာဆရာဖိုးလေးလုံးသောင်းကိုကို ရေးဖွဲ့ထားသည့် စုဖွဲ့ပြည်ထောင်စု လှေတစ်စင်းရယ်နှင့်၊ အကြောင်းအရာပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့လက်ကမ်းစာစောင်များကို ကျောင်သား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း