ခန္တီး ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရေး၊ ညဏ်ပညာ မြှင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေး မြှင့်မားရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင် ဆွေးနွေးနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းသူများ ဖြစ်ကြသည့် မရွှေစင်အောင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသိမ့်သိမ့်ဦးက လူငယ်နှင့်အခွင့်အလမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသူအောင်က လူငယ်နှင့်ဘဝရည်မှန်းချက် ပန်းတိုင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသီတာခိုင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထက်မြတ်စန်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနုငယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များအား သင်တန်းသူလေးများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)