သတင်းများ

ကျိုင်းတုံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Aug 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။
သံဖြူဇရပ်မြို့နယ်၌ ​နယ်​မြေ​အေးချမ်းတည်ငြိမ်​​ရေးနှင့် ဒေသဖွံဖြိုး​ရေး​စေ​ရေး ကွင်းဆင်းဆောင်ရွက်
Aug 10,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်၊ မေဓါဝံသ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မှုခင်းမှတ်တမ်းဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူးရေးနှင့်ကုသ​ရေးဦးစီးဌာနနှင့် မြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူး​ရေးလုပ်ငန်မှ တာဝန်ရှိသူများပူး​ပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက် ဟောပြောခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့်သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးဝါးကြီးကြပ်ကော်မတီမှ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန် တိုင်းရင်းဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်၌ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Aug 10,2025
ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ကလောမြို့နယ်၊‌ ဘော်နင်း‌ကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာတွင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်သမဝါယမအသင်းစု(လီမိတက်) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ ကျင်းပ
Aug 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစု(လီမိတက်) ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မန္တလေးမြို့ပေါ်  (၇) မြို့နယ်ရှိ ကျောင်းတိုက် များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၄၅၇၃၈) ပါးတို့ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 10,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ မန္တလေးမြို့ပေါ် (၇) မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၄၅၇၃၈)ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ကုလားပဲ လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊နန်းတော်ရှေ့ရှိ မဟာအတု လဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ကျင်းပသည်။
ချောင်းဆုံမြို့နယ်၌ လင်းရောင်ခြည် ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Aug 10,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် လင်းရောင်ခြည် (ပညာရေး) ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ လင်းရောင်ခြည် (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်း(ဥက္ကဋ္ဌ)နှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ပြီး သဘာပတိအဖြင့် မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Aug 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၃) အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။