ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Aug 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စကားပြောစွမ်းရည်များ ကောင်းမွန်လာစေရန်၊ စာပေဖတ်ရှု၍ လက်တွေ့ဘဝအောင်မြင်ရေးအတွက် အသုံးချတတ်စေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ကျောက်တလုံးကြီး အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။