သတင်းများ

မက်မန်းမြို့တွင် ရာဂီမုန်တိုင်းကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်းကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့က မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော
Aug 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေး
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ၂၀၂၄ ခုနှစ် သဘာဝဘေးကြောင့် ရေကြီးနစ်မြှုပ်ခဲ့သော လယ်မြေများအနက် ကျန်ရှိသော လယ်ဧက ၆၂၉ ဧကအတွက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သက်သာသောဈေးနှုန်းများဖြင့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့၌ မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးဆောင်ရွက်သည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးအခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်၌ မြို့မဈေးကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ  ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့၌ နွေစပါးများရိတ်သိမ်းပြီး၍ မိုးစပါးစိုက်ပျိုးရန် လယ်ထွန်စက်များဖြင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးတောင်သူများသည် စပါးကို နွေသီး၊ မိုးသီးဟူ၍ ရာသီဥတုနှင့်ကိုက်ညီသည့် စပါးမျိုးများစိုက်ပျိုးကြရာ မတ်လမှစတင်၍ စိုက်ပျိုးခဲ့သည့် နွေစပါးများအားလုံး ရိတ်သိမ်းပြီး၍ မိုးစပါးစိုက်ပျိုးရန် လယ်ထွန်စက်များဖြင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မိုင်းတုံမြို့၌ နမ့်တုံချောင်း(ဟောင်း)ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံ​မြို့ရှိ နမ့်တုံ​ချောင်း(ဟောင်း)သည် ချောင်းရေအတက်အကျနှင့် မိုးရေများကြောင့် သဲများ၊ နုန်းမြေများ ပို့ချခြင်းနှင့် အမှိုက်များစွန့်ပစ်ခြင်းကြောင့် တိမ်ကောလာလျက်ရှိရာ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်လမ်းတံတားနှင့် ဆည်မြောင်းအဖွဲ့က  ဘက်ဟိုး(မြေတူးယာဉ်)ဖြင့် ဩဂုတ်လ ၁၃ ရက်နေ့က စတင်တူးဖော်လျက်ရှိသည်။