သတင်းများ

ဝတ်မှုန်ဦး ရသဝတ္ထုတိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျင်းပ
Aug 10,2025
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စာရေးဆရာအသင်းနှင့် ညီမင်းအိမ်စာပေတို့ပူးပေါင်းဆောင်ရွက်သည့် ဆရာနေစိုးသော်စာပေ ရွှေရတုအထိမ်းအမှတ် ဝတ်မှုန်ဦး ရသဝတ္ထုတိုပြိုင်ပွဲ ဆုပေးပွဲနှင့်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၄) ရပ်ကွက်ပုဂံလမ်းရှိ သာသနာ့ဓဇဓမ္မာရုံတွင် ကျင်းပပြုလုပ် ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Aug 10,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ခရိုင်အဆင့်ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 10,2025
ဒဂုံမြို့သစ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဒဂုံမြို့သစ်ခရိုင်အမျိုးသမီးရာအဖွဲ့နှင့် ဒဂုံမြို့သစ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၃၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး T.T.O ငွေရတုမင်္ဂလာခန်းမ၌  ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားပြုလုပ်
Aug 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး‌‌ကျင်းပသော မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 10,2025
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှပေးအပ်သော ‌တတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Aug 10,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိရပ်ကွက်များ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေး
Aug 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း   အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Aug 10,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်အုပ် ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို ဩဂုတ် ၉ ရက်၊ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။