ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅) နှစ်အထိ ကလေးများအား ပုံမှန်တိုက်ကျွေးလျက်ရှိသော သန်ချဆေးနှင့် မျက်စိအားတိုးဆေး(ဗီတာမင်-အေ) ကို ယနေ့ နံနက်(၈)နာရီမှစ၍ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Aug 05,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် ယနေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်း နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Aug 05,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်များတွင် အသက်၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရသည်။
Aug 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ (၈)ရက် နေ့တွင်ကျင်းမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မရှုံးဆုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့ထိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကပ်ထား ကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။
Aug 05,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ​ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား ကြည့်ရှု စစ်ဆေးခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ မဲစာရင်းများ လာရောက်ကြည့်ရှုရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 05,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ရိခေါ်ဒါရ်မြို့အတွင်းရှိ အသက် ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Aug 05,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကယားပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကယားပြည်နယ်၊ ရွာသစ်မြို့ ဝမ်လွဲ့ကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။
Aug 05,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ရုံး၀န်ထမ်းများ အခြေခံကွန်ပျူတာ တတ်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်း(၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်နန်းဒင်မြို့ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည်။