ပန်နန်းဒင် ဩဂုတ် ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ရုံး၀န်ထမ်းများ အခြေခံကွန်ပျူတာ တတ်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်း(၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်နန်းဒင်မြို့ ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပန်နန်းဒင်မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဦးခက်ကိုကိုဇော်က သင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ/သင်တန်းသား(၁၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကို ဩဂုတ်လ ၅ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့ထိ တစ်လကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းတွင် Microsoft office, word, excel, power point, Photoshop စသည့် ကွန်ပျူတာအခြေခံ ဘာသာရပ်များ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောယော်ဘော်(ပြန်/ဆက်)