ရွာသစ် ဩဂုတ် ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကယားပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူ ရေးအကြောင်း အသိပညာ ပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကယားပြည်နယ်၊ ရွာသစ်မြို့ ဝမ်လွဲ့ ကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သန်းအေးက အာဖရိကဝက် အပြင်းဖျားရောဂါ၏ သမိုင်းကြောင်း၊ ရောဂါကူးစက်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ ရောဂါတားဆီး ရေးနှင့် ကာကွယ်ရေး အဖွဲ့ ဖွဲ့စည်းရန်၊ ရောဂါဖြစ်ပါက ရောဂါဖြစ် ဝက်၏ နမူနာများ ဓါတ်ခွဲခန်းပို့၍ စမ်းသပ်ခြင်းများ ပြုလုပ်ရန်၊ ရောဂါ ဖြစ်လာပါက ဝက်သေဆုံးမှုရှိလျှင် အမြန်သတင်းပို့ရန်၊ အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင်သာ ဖြစ်ပွားတတ်ပြီး လူများသို့ ကူးစက်မှုမရှိကြောင်း၊ ဝက်များ ရောဂါဖြစ်ပွားပါက ဆောင်ရွက်ရမည့် အခြေခံမွေးမြူရေး နည်းလမ်း များကိုလည်းကောင်း၊ ဝက်မျိုးကောင်းမျိုးသန့် မွေးမြူသည့် စနစ်များကိုလည်းကောင်း၊ ဆွေးနွေးအသိ ပညာပေး ဟောပြောပြီး တက်ရောက်လာသူများက သိလိုသည်ကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)