ရေဇွာ သြဂုတ် ၅
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်များတွင် အသက်၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရသည်။
"ပြည်သူများအနေဖြင့် မဲစာရင်းများ လာရောက်ကြည့်ရှုရာတွင် မဲစာရင်းတွင် မိမိတို့ အမည်မပါ လျှင်ပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ တွေ့ရှိပါက ပုံစံ(၄)ဖြင့် လည်းကောင်း၊ အချက်အလက် မှားယွင်းနေပါက ပုံစံ ၄(ဂ)ဖြင့်လည်းကောင်း၊ အချိန်မီ ဖြည့်စွက်ပြီး ပြန်လည်လျှောက်ထားနိုင်ကြောင်း ရေဇွာမြို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထိုသို့မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို ပြည်သူများသိရှိနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်းမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် ပထမအကြိမ် မဲစာရင်းတွင် မပါဝင်သေးသူများကို ဒုတိယအကြိမ်တွင် ပြန်လည်ပါဝင်နိုင်ရန်အတွက် ရပ်ကွက်ကော် မရှင်အဖွဲ့ခွဲရုံးမှ ပညာပေးနိုးဆော်ခြင်းများ၊ လက်ကမ်းစာဆောင်များ အခမဲ့ဖြန်ဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)