မယ်စဲ့ ဩဂုတ် ၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိ အမည် ပါ/မပါ မဲစာရင်းများ လာရောက်ကြည့်ရှုရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးနေစိုးကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဝင်းကျော်မြင့်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပန်တိန်း၊ ဟိုဂျစ်၊ မယ်ဆည်နမ်၊ နမ့်ပိန်းလင်၊ ကျောက်စု ကျေးရွာတို့တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မဲစာရင်းများ လာရောက်ကြည့်ရှုရေး အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး ပိုစတာများ ချိတ်ဆွဲခြင်းဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)