ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 10,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီစဉ်အရ မြို့တွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂) နှစ်ထိကလေးငယ်များသို့ တတိယအကြိမ်နှင့်စတုတ္ထအကြိမ်အတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Sep 10,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ တိုက်နယ်ဆေးရုံရှေ့၌ ဇီ၀ကလမ်းပေါ်ကတ္တရာ လမ်းပျက်စီးနေမှုကြောင့် ကွန်းကရစ်လမ်း ပြန်လည်ခင်းကျင်းခြင်းကို စက်တင်ဘာ (၈)ရက်နေ့ က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လွယ်ဂျယ်မြို့ ဈေး၌ စည်ပင်ဝန်ထမ်းများက ဈေးရောင်းချသူနှင့် ဈေးဝယ်သူများ Mask တပ်ဆင်ခြင်းရှိ/မရှိ နှင့် အပူချိန်တိုင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
Sep 10,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆွောင်းပီးကျေးရွာ Alinn Education Center ၌ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)Good Agricurture Practices၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်(GAHP)Good Animal Husbandry Practices သင်တန်းကို ယမန်နေ့တွင်ဖွင့်လှစ်ကြောင်းသိရသည်။
Sep 10,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 10,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် မသန်စွမ်းသူများအားထောက်ပံ့ ငွေပေးအပ်ခြင်း နှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်‌နေ့ နံနက်(၁၁)နာရီအချိန်တွင် ကျင်းပသည်။
Sep 10,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ နေအိမ်ပြင်ပထွက်ခွာသူများအား Mask များတပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
Sep 10,2020
ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေးရည်ရွယ်၍ ​ ရောင်ပြန် (Sticker)များ ကပ်နှိပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟားခါးမြို့ လမ်းဆုံနေရာများတွင် အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြပါသည်။