တနိုင်း စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင် ဦးဆောင်၍ ကော်မတီဝင်များဖြစ်ကြသည့် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွှန့်နှင့် အဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေးတို့အတွက် လူစည်ကားသည့် နေရာများ၊ လမ်းဆုံလမ်းခွနေရာများတွင် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သတ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များကို အများပြည်သူများ သိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခြင်း၊ Mask တပ်ဆင်ခြင်း မရှိပဲသွားလာသူများကို Maskတပ်ဆင်ပြီးမှ သွားခြင်းပြုကြရန် အသိပညာပေး ပြောကြားပြီး အဆိုပါ ဖြတ်သန်းသွားလာ သူများအား Mask အခု(၅၀၀)အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)