ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 11,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရေးရည်ရွယ်၍ ရောင်ပြန်(sticker) ကပ်နှိပ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်းဆုံး၌ အမှတ် (၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး၊ (ထန်တလန်မြို့) မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။
Sep 11,2020
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ဆေးဝါးဖြန့်ဖြူး​ရောင်းချသည့် ​ဆေးဆိုင် ပိုင်ရှင်များအား ​ဆေးဝါးနှင့်ပတ်သက်၍ အသိပညာ​ပေး​ဆွေး​နွေးခြင်းကို ယ​မန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမား​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 11,2020
မတူပီမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ၌ စက်တင်ဘာ (၉)ရက်နှင့် (၁၀)ရက်တို့တွင် မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးငယ်များကို လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ကြသည်။
Sep 11,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူတာအိုခရိုင် မချမ်းဘောမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ(၅) နာရီက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့အဝင် ဝိန်းခမ်းကျေးရွာ၌ ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ခရီးသွားပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေး ကြပ်မတ် လျက်ရှိကြောင်း သိရသည်။
Sep 10,2020
မင်းတပ်မြို့၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 10,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီတွင် အောင်ချမ်းသာရပ်ကွက်၊ ငွေဧရာအမြန်ရေယာဉ်အသင်းဂိတ်ရုံး၌ စောင့်ဆိုင်းကာ ခရီးသွား ပြည်သူများအား တာဝန်ရှိသူများမှ ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။