မိုးညှင်း စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိရွှေသီးနှံမျိုးစေ့ထုတ် သမဝါယမအသင်းသား တောင်သူ ၁၁ ဦး၏ မိုးစပါးမျိုးစေ့ထုတ် ဧက ၄၀ အတွက် ငွေကျပ် ၅၉၂၀၀၀၀ ကို ယနေ့ မွန်းလွဲ(၁၂)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စီမံချက်များနှင့်အညီ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား တစ်နိုင်ငံလုံးအတိုင်းအတာအရ ထောက်ပံ့ပေးလျက်ရှိရာ မိုးညှင်းမြို့နယ်တွင် ယခုလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ထောက်ပံ့ပေးအပ်ရန် ကျန်ရှိသည့် ရွှေသီးနှံမျိုးစေ့ထုတ် သမဝါယမအသင်းသားများအား ဆက်လက်ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယနေ့ထောက်ပံ့ပေးအပ်သည့် မိုးစပါးမျိုးစေ့ထုတ် ရွှေသီးနှံသမဝါယမ အသင်းသားများအပါအဝင် တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူ ၉၇ ဦး၏ စိုက်ဧကပေါင်း ၅၃၀ အတွက် ၁ ဧက ငွေကျပ် ၁၄၈၅၀၀ ကိုတောင်သူ တစ်ဦးချင်းအလိုက် ထောက်ပံ့ ပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ပေးအပ်သည့် ထောက်ပံငွေများဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများတွင် မျိုးကွဲပယ်ခြင်း၊ စိုက်ပျိုးစရိတ်၊ မျိုးစေ့ဝယ်ယူရန်နှင့် မျိုးသန့်စင်ခြင်း စသည့်လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)