ဆွမ်ပရာဘွမ်မြို့နယ်၌ စပါးသီးနှံများအား ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဓာတုပိုးသတ် ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်

ဆွမ်ပရာဘွမ်  စက်တင်ဘာ  ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကဘရန်ခူးရပ်ကွက်၊ တောင်သူ ဦးလှတောပိုင် ဦးပိုင်အမှတ် () ကွင်းအမှတ်(oss) စိုက်ပျိုးဧရိယာ()ဧကတွင် စပါးသီးနှံများ ပိုးမွှားရောဂါ ကာကွယ် နှိမ်နှင်းရေးအတွက်  ဓာတုပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေနံနက် နာရီခန့်က စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ သွားရောက် ဆောင်ရွက်ခဲ့သည်။

အဆိုပါဆေးဖျန်းရာတွင် Cartap 50% အမျိုးအစားကို တစ်ဧက နှုန်းထား ၁၅၀-၂၅၀ စီစီနှုန်းဖြင့် ဆစ်ပိုးနှင့် ဖြုတ်ကျ ရောက်လျက်ရှိသော စပါးစိုက်ကွက်များ ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ တောင်သူများ၏ စပါးစိုက်ခင်းများနှင့် တောင်ယာများတွင် ပိုးမွှားရောဂါကင်းရှင်းရေး၊ သီးနှံအထွက်နှုန်းများ တိုးတက်မြှင့်မားစေရေးကို စိုက်ပျိုးရေး ဦးစီးဌာနမှ ချမှတ်ထားသော မူဝါဒများအတိုင်း အလေးထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကုဋေ ( ဆွမ်ပရာဘွမ် ပြန်/ဆက်)