ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ လေအွမ်(ခ)ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ၄ ရွာ ထပ်မံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဆောက်ရွက်ပြီးစီး

ဟားခါး၊ စက်တင်ဘာ

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ လေအွမ်(ခ) ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ၄ ရွာ ထပ်မံလျှပ်စစ်ဓာတ်အား သြဂုတ်လ ၂၇ ရက်တွင် ဖြန့်ဖြူးရေးရာခိုင်နှုန်းပြည့် ဆောက်ရွက်ပြီးစီး၍ ရွာသူ၊ ရွာသားများ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ကေဗွီ ()အမ်ဗွီအေ လေအွမ်()ဓာတ်အားခွဲရုံဖြင့် ဘုံဇုံးကျေးရွာတွင် ၂၀၀ အမ်ဗွီအေ()လုံး၊ လေအွမ်()ကျေးရွာတွင် ၁၆၀ အမ်ဗွီအေ()လုံး၊ လုံကျွေးကျေးရွာတွင် ၁၆၀ အမ်ဗွီအေ()လုံး၊ ဇိုခွါးကျေးရွာတွင် ၁၆၀ အမ်ဗွီအေ()လုံး ထားရှိ၍ ကျေးရွာမီးလင်းရေးကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းကို ကြည်ဆွေဝင်း Co.,Ltdနှင့် ကျော်သန်းဇေ Co.,Ltd တို့မှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ အဆိုပါ တည်ဆောက်ခြင်း လုပ်ငန်းအားလုံး၏ ၁၀၀ ရာခိုင်နှုန်းကို သြဂုတ်လ ၂၇ ရက်တွင် အပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ချွန်ကျုံးကျေးရွာ၊ဖိုင်ကျေးရွာ၊ လောက်လုံကျေးရွာ၊ နေပြည်ကျေးရွာ၊ ဘွာလ်တပ်ကျေးရွာ၊ မန်နူးကျေးရွာနှင့် နှီယာန်လှောင်ကျေးရွာ စုစုပေါင်းကျေးရွာ ()ရွာကို လျှပ်စစ် မီးလင်းရေး ဆောင်ရွက်ပြီးစီးနိုင်ခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ ကေဗွီ ()အမ်ဗွီအေ လေအွမ်()ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ရွာကို လျှပ်စစ်မီးလင်းရေ: ထပ်မံဆောင်ရွက်ပြီးစီးနိုင်ခဲ့ရာ စုစုပေါင်း  ကျေးရွာ(၁၁)ရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့်ဆက်လက်၍ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဟားခါးမြို့နယ်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်အုန်းထံမှ သိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)