ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 17,2020
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် (၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Nov 17,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန (နေပြည်တော်)၏ ကြီးမှူးပြုလုပ်သည့် Physical Fitness Dance အွန်လိုင်းမှ မြို့နယ်အလိုက် တစ်ဦးချင်းပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ တီးတိန်မြို့နယ်မှ ပြိုင်ပွဲဝင်ရောက်မည့် သူများအား ယမန့်နေမှ စတင်၍ လေ့ကျင့် နေကြကြောင်း သိရသည်။
Nov 17,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယမန်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅၁ ဦး ဆေးစစ်သည့်အနက် ကလေးမှ တီးတိန်သို့ ကုန်စုံပစ္စည်းများပို့ဆောင် မောင်းနှင်မည့် ယာဉ်မောင်း တစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
Nov 17,2020
ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ချွန်ကျုံး ကျေးရွာနှင့် ကျင်ခွါးကျေးရွာတို့တွင် ရွှေရင်အေး မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Nov 17,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ချီဖွေမြို့နယ် မြို့မရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17,2020
မင်းတပ်မြို့တွင် ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းတည်ဆောက်စဉ် ထိခိုက်ပျက်စီးသွားသော သီးနှံပင်/နှစ်ရှည်ပင် များအတွက် လျော်ကြေးငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Nov 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေ မရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂) သောင်းနှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီအချိန်က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Nov 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင် ခဲ့ကြသော အထူးရဲတပ်ဖွဲ့ဝင် ၇ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ထပ်ဆင့် ပေးအပ်ချီးမြင့်ပွဲ အခမ်းအနားကို အင်ဂျန်းယန်အခြေခံပညာ အထက်တန်းကျောင်း မလိအင်မိုင်ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။