ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 16,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလ မဲရုံအသီးသီးတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့၀င်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက် တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Nov 16,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား Stay at home ကာလအတွင်း စတုတ္ထ အကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 16,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ရွေးကောက်ပွဲကာလတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲ (၂၅) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီခန့်က လုံမောင်ခန်းမ၌ ကျင်းပခဲ့သည်။
Nov 16,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Nov 16,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ‌အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေး တာဝန်ဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခေါင်လန်ဖူးမြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။
Nov 16,2020
ချင်းပြည်နယ်၊ မတူပီမြို့၊ ပလက်ဝမြို့နှင့် ဆမီးမြို့များသို့ သွားရောက်မည့် ကုန်တင်ကားများ၏ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များကို မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်းပန်းခြံ၌ RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Nov 16,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အထူးရဲများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၁၃၈)စု အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေးငွေကျပ်(၄၂,၇၆၀,၀၀၀)အား ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူးအဖွဲ့တို့မှ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်း (၉)နာရီကစတင်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။