ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2020
ကယားပြည်နယ်၊ဖား​ဆောင်းမြို့၌ Book Club,Women Club နှင့် Young Club အဖွဲ့တို့မှ စာ​ပေချစ်မြတ်နိုးသူများက စာ​ရေးဆရာ’’​ကျော်ဝင်း”​ရေးသားသည့် ‘’၂၁ ရာစု သား​ရွှေဥ”စာအုပ်အား စာဖတ်ဝိုင်း​ဆွေး​နွေးခြင်းကို ယ​နေ့​နေ့လည်(၁၁)နာရီ အချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်းတွင် ယနေ့ နေ့လည် (၁) နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ၂ဝ၂ဝပြည့်နှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရုံးပိတ်ရက် (၁၅) ရက် အတွက် နေ့တွက်စားရိတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီခွဲ က မြို့နယ် အထွေထွေအပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင်ပြုလုပ်ကျင်းပသည်။
Nov 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လမ်း/တံတား လုပ်ငန်းသုံးပစ္စည်းနှင့် ဝန်ဆောင်မှုအိတ်ဖွင့်တင်ဒါ အမှတ်စဉ်(၁)စိစစ် ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့လမ်းဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပခဲ့ကြောင်းသိရသည်။
Nov 19,2020
ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်(၃၁)နှစ်​မြောက် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံကွန်ဗင်းရှင်း အထိမ်းအမှတ်​နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကို ယမန်​​နေ့ည​နေပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦး​စီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိရေး မြို့အဝင် မြို့အထွက် စုပေါင်းစစ်ဆေးရေးဂိတ်များတွင် မြို့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် တပ်မတော်သားများ၊ မြို့နယ်မြေရဲ စခန်းမှတာဝန်ရှိသူများ၊ မြို့မီးသတ် တပ်ဖွဲ့ဝင်များမှ ကျန်းမာရေး စစ်ဆေးခြင်း လူဝင်လူထွက် စစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်း ကောက်ယူခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။