ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 19,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  ဦးစီးဌာနက  အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို ယမန်နေ့က မိုဆိုကျေးရွာအုပ်စု နှင့် ဟိုယာကျေးရွာအုပ်စု တို့တွင် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Nov 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ဘက်စုံမွေးမြူရေးခြံ ရှိ ဝက်များအား ယမန်နေ့ ညနေ ( ၂ )နာရီ ခွဲအချိန်က ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည် ။
Nov 18,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စာပေချစ်မြတ်နိုးသူ (Book Club) အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပသည်။
Nov 18,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း Online ပေါ်မှ ပုံပြင်ပြောခြင်း အစီအစဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရိုက်ကူး တင်ဆက်ခဲ့ကြောင်း သိရသည်။
Nov 18,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးသွား ပြည်သူများအား မိမိခရီးစတင် ထွက်ခွာလာသည့်​ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းရယူခြင်းများနှင့် ခရီးသွားရာဇဝင် စိစစ်ခြင်းများကို နေ့စဉ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၂၄) ဦးတို့အား ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Facility Quarantine ထားလျက်ရှိကြောင်း သိရသည်။
Nov 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ဖွင့်လှစ်ထားသည့် Quarantine Center များဖြစ်သည့် ဟိတကာရီခန်းမ၊ ဓမ္မဝိဟာရ ဓမ္မာရုံတို့တွင် Facility Quarantine ဝင်ရောက်နေသည့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခြင်းအား ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 18,2020
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စုနှင့် မလှိုင်ကုန်းကျေးရွာအုပ်စုများရှိ တောင်သူ များအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန် ခန့်က ဘဟဲကျေးရွာ၊ ရှင်ပင်ဆွဲလွဲဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် Quarantine Center ဆောင်ရွက်ထားရှိသည့် လွိုင်ချို(အ.မ.က)ကျောင်း နှင့် နမ့်ခုံးရှမ်းများပရဟိတရှိ ကန့်သတ်စောင့်ကြည့်ပြည်သူများအား ယနေ့ နံနက် (၁၀)နာရီအချိန်ခန့် က မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲအဖွဲ့မှ စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။