Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မဘိမ်းမြို့နယ်၌ ဆောင်းသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်များထုတ်ချေးပေး
Nov 18,2020
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စုနှင့် မလှိုင်ကုန်းကျေးရွာအုပ်စုများရှိ တောင်သူ များအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန် ခန့်က ဘဟဲကျေးရွာ၊ ရှင်ပင်ဆွဲလွဲဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲအဖွဲ့မှ ကာလိမြို့ Quarantine ဝင်ပြည်သူများအတွက် စားနပ်ရိက္ခာများ လာရောက် ထောက်ပံ့လှူဒါန်း
Nov 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် Quarantine Center ဆောင်ရွက်ထားရှိသည့် လွိုင်ချို(အ.မ.က)ကျောင်း နှင့် နမ့်ခုံးရှမ်းများပရဟိတရှိ ကန့်သတ်စောင့်ကြည့်ပြည်သူများအား ယနေ့ နံနက် (၁၀)နာရီအချိန်ခန့် က မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲအဖွဲ့မှ စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာမြို့ လွေးတွီပေါဆုတောင်းတောင်တွင် အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အပန်းဖြေအနားယူ နိုင်ရန်အတွက် တက်လမ်း တစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်
Nov 18,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို၏ အနောက်ဘက် (၁)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသော လွီးတွီပေါဆုတောင်း တောင်တွင် အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အနားယူနိုင်ရန်အတွက်၊ လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များနှင့် အညီဖြစ်စေရန်အတွက် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် လူငယ်များပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် သုံးသိန်းလှူဒါန်း
Nov 18,2020
ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
Nov 18,2020
ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်၊ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက လက်ခံခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၌ Cash For Work စီမံကိန်း ကျေးရွာ ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 17,2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ကျေးလက် နေပြည်သူများ၊ ဆင်းရဲနွမ်းပါး သော အိမ်ထောင်စုများ၊ ထိခိုက်လွယ်သော အိမ်ထောင်စုများသော ကျေးရွာများ တွင် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ကျေးရွာရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ
Nov 17,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်ရောဂါ ရှိ မရှိ နေ့စဉ် စစ်ဆေးလျက်ရှိရာ ယနေ့ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို ဆေးစစ်ရာမှကလေးမှ ရိခေါ်ဒါရ်သို့ ကုန်စည် ပစ္စည်းများ ပို့ဆောင်မောင်းနှင်သည့် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်ကန်မြို့၌ အပြင်ထွက်လျှင် နှာခေါင်းစည်းမတပ်ဆင်ပါက အခုဝယ်အခုတပ်စနစ်ဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နှိုးဆော်
Nov 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင်၊ မန်ကန်မြို့တွင် COVID-19 ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ပြည်သူများအား Stay at Home ကာလအတွင်း မဖြစ်မနေအပြင်ထွက်ရမည် ဆိုပါက နှာခေါင်းစည်းတပ်ဆင်သွားလာရေးအသိပညာပေးနိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
85
Page
86
Page
87
Page
88
Current page
89
Page
90
Page
91
Page
92
Page
93
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department