ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 17,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဖားဆောင်းမြို့နယ်ရုံးမှကြီးမှူး၍ ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အခြေခံနှင့်
Nov 17,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် မဖြစ်မနေ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ကို မြို့နယ် Coronavirus Disease 2019 ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မြို့နယ်အဆင့် ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၅ နှစ်အောက် ကလေးအာဟာရ စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကျင်းပသည်။
Nov 17,2020
မင်းတပ်မြို့ လူငယ်သင်တန်းကျောင်းအမှတ် (၂) ၌ Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား ယမန်နေ့မွန်းလွဲ (၂) နာရီတွင် Facility Quarantine နေထိုင်ပြီးသူ (၇) ဦးအား အိမ်ပြန်ခွင့်လက်မှတ် ပေးအပ်ကြောင်း သိရသည်။
Nov 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ တစ်သျှူးဌက်ပျောကုန်တင် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ နံနက် ၉ နာရီမှည‌နေ ၄ နာရီအတွင်း RDT(Rapid Antigen Diagnosis Test Kit) ဖြင့် အမှတ်-၂ ရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ စစ်ဆးခဲ့သည်။
Nov 17,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ Quarantine Centre ရှိ ရန်ကုန်မှလာရောက်သူ အမျိုးသမီး (၃)ဦးထံမှ နိုဝင်ဘာ ၁၃ ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့ပြီး နောက်ပိုင်း လွယ်ဂျယ်သို့ လာရောက်သူ ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်နှင့် လိုအပ်သည့် အချက်အလက်များ တိကျသေခြာအောင် စစ်ဆေးနိုင်ရန်အတွက် လွယ်ဂျယ်-မိုးမောက် သွားလမ်း မိုင်(၄ဝ)(၃)ဖာလုံ၌ စစ်ဆေးရေး ဂိတ်တစ်ခု ဆောင်ရွက်ပြီး ယမန်နေ့မှစ၍ ခရီးသွားရာဇဝင်များ စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရသည်။
Nov 16,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မလေးရှားနိုင်ငံမှ အလုပ်လုပ်ကိုင်ပြီး ရန်ကုန်မြို့ မှတဆင့် ခိုင်ကမ်းမြို့သို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ပြန်လည်‌ရောက်ရှိလာသည့် အသက်(၂၄)နှစ်အရွယ်၊ ခိုင်ကမ်းမြို့ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားအား စည်ပင်ဈေး CBFQတွင် (၇)ရက် ထပ်မံအသွားအလာကန့်သတ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။