ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 19,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြို လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Nov 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုဝင်ဘာ၁၈နေ့မှ စတင်၍မြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အားစတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
Nov 19,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာတွင် (၁၄)ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။
Nov 19,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက သက်ဆိုင်ရာ အိမ်ထောင်စုများ အလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 19,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့ သမဝါယမဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဝန်ထမ်းများ သက်သာ ချောင်ချိစေ ရေး အတွက် ဆန် နှင့် ဆီများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
Nov 19,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် Online ပေါ်မှ စာအုပ်ဖတ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
Nov 19,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ မြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 19,2020
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် (WFP) ကုလသမဂ္ဂက ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ်(မြန်မာ) မှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရမှုန့် များကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အားကစားခန်းမ၌ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။