Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကျီခါးမြို့၌ မြို့မြေတိုင်းတာခြင်းလုပ်ငန်း ပူးပေါင်းကွင်းဆင်းဆောင်ရွက်
Nov 20,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ လက်ရှိနေထိုင်လျက်ရှိသော မြို့နေလူထုအိမ်ရာဝင်းများ စနစ်တကျရှိစေရေး အတွက် မြို့မြေကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် ဦးဆောင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့ အဝင်/အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များနှင့် Quarantine Center များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Nov 20,2020
ချင်းပြည်နယ် မတူပီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့အဝင်/ အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များအား မင်းတပ်၊ ဟားခါး၊ပလက်ဝ သွားလမ်းတို့တွင် ဖွင့်လှစ်ထားရှိဆောင်ရွက်နေမှုအပေါ် ယမန်နေ့ နေ့လယ် ၁ နာရီ ခွဲအချိန်က မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသစ်လွင်သိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်ဝင်း၊ မြို့နယ်မီးသတ် ဦးစီး မှူးဦးကွီလိုင်းနှင့် မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင် တို့သည်ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်
Nov 20,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ သည်မြို့ သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ မြို့စည်ပင်သာရေးအဖွဲ့ တာဝန်ခံဦးဆောင်ကာ မြို့ရှိ ဗိုလ်ခိုင်ကမ်းပန်းခြံသန့်ရှင်း သာယာလှပရေးအတွက် နိုဝင်ဘာ ၂၀ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း ပြည်ပနှင့်ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ (၁၄) ဦးအား Swab နမူနာ (၂) ကြိမ်စီ စစ်ဆေးခဲ့ရာ ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်
Nov 20,2020
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှု နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါး မြို့နယ်အတွင်း ပြည်ပနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ရက်ပြည့်သူ ၁၄ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ် (On Farm) စပါးစမ်းသပ်ကွက်တွင် အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်းထွက်ရှိ
Nov 20,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသန ဌာနစုတို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း၍ အရည်အသွေးကောင်းမွန်သော On Farm စပါး (၁၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ၂၀၂၀ ခုနှစ်၊ မိုးရာသီတွင် တီးတိန်မြို့နယ်၊ ဇိုဇန်(အောက်) ကျေးရွာနေ တောင်သူ ဦးလျန်းဆောမ်းထန် စိုက်ကွက်တွင် ပြုလုပ်ရာ ပျှမ်းမျှစပါးအထွက်နှုန်း အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်း ထွက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်၌ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စံပြကွက် မိုးစပါးစံကွက်ရိတ်သိမ်း
Nov 20,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိရေကန်အနီးရှိ လယ်မြေ၌ စမ်းသပ် စိုက်ပျိုး ထားသည့် ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စံပြစိုက်ကွက် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က အဆိုပါ လယ်ကွက်၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ သုံးဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာစောင့်ကြည့်ထားရှိ
Nov 20,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား သုံးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် နိုဝင်ဘာ ၁၉ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာတွင် (၁၄)ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်အတွင်းရှိ ပြည်သူများကို နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်စေရေး အတွက် အသိပညာပေးနှိုးဆော်
Nov 20,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ပြည်သူများကို နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်စေရေး အတွက် ယနေ့နံနက် ၇ နာရီက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပြီး အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
80
Page
81
Page
82
Page
83
Current page
84
Page
85
Page
86
Page
87
Page
88
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department