လွိုင်ကော် နိုဝင်ဘာ ၁၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့ သမဝါယမဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဝန်ထမ်းများ သက်သာ ချောင်ချိစေ ရေး အတွက် ဆန် နှင့် ဆီများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးမြင့်တင်က သမဝါယမအသင်း၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များအား အဖွင့်အမှာစကားတွင်ပြောကြားခဲ့ပြီး ပြည်နယ် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်းတို့က ဝန်ထမ်းများ အား ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် သမဝါယမဦးစီးဌာန ၊ ဦးစီးအရာရှိ နှင့် မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ တို့က မြို့နယ်သမဝါယဦးစီးဌာန တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ဆန် (၆) ပြည်နှင့် ဆီ တစ်ဘူး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)