ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 20,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိလူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၇)နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
Nov 20,2020
ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့က ဟားခါးမြို့ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 20,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၅၀၀)ဖြင့် လုပ်ငန်း(၁၇)ခုကိုဆောင်ရွက် မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
Nov 20,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ (VDP)၊ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့သည်။
Nov 20,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ကထိန် ကာလအတွင်း၌ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကန့်သတ်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်တွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Nov 20,2020
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာ Case -62507 သည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယမန်နေ့ ညနေပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Nov 20,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့သည် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကာလအတွင်း ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုန့်ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စားသောက်ဆိုင်များ ဈေးဆိုင်များအားလုံးသို့ သွားရောက်ကာ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
Nov 20,2020
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နယ်မြေ မီးသတ်စခန်းနှင့် သုဂတိမဂ္ဂလူမှုကူညီရေး အသင်းတို့ပူပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။