Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စရိတ်သက်သာ
Nov 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လယ်ယာမြေပိုင်ဆိုင်သည့် ဒေသခံတောင်သူများသည် ဆန်စပါး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ သီးနှံအမျိုးမျိုး စသည့်သီးနှံ များစိုက်ပျိုးလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံများတွင် သရက်၊ လိုင်ချီးသီး၊ သံပုရာသီး၊ လျှောက်ချိုသီး၊ လိမ္မော် သီးစသည့်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းနှင့် လယ်ယာခြံမြေပိုင်ဆိုင်မှုမရှိသည့် ပြည်သူများ အနေဖြင့် မီးဖိုဆောင်ကုန်ကျစရိတ်သက်သာစေရန်အတွက် လူနေအိမ်ခြံဝန်းအတွင်း ရာသီအလိုက် မီးဖို ဆောင်သုံးဟင်းသီးဟင်းရွက် သီးပင်စားပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိမှုကြောင့် မီးဖိုဆောင်စရိတ် သက်သာလျက်ရှိကြောင်း ဒေသခံပြည်သူများထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ”ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ အမွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် Biometric Dataများ ဟိုနမ့်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းကောက်ယူထုတ်ပေး
Nov 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပ်စို့” ဆောင်ပုဒ်နှင့်အညီ ဟိုနမ့်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ယမန်နေ့မှ နံနက်ပိုင်းမှစ၍ ဥယာစန်းဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် ကျေးလက်နေပြည်သူများလူမှုစီးပွါးဘ၀တိုးတက်လာစေရန် အခြေခံ၊ အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်
Oct 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခြေခံ/အဆင့်မြင့်စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် လဟယ်မြို့အမျိုးသမီးသက်မွေးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်ပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Oct 21,2023
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း” ကျင်းပ
Oct 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန် ၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ၊ စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများကိုရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့် လူငယ်များစာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အတွက်“လူငယ်စကားဝိုင်း”ကိုယနေ့နံနက်၉နာရီခွဲက စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်“အောင်မြင်ရေးသော့ချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှု သည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ညီညီနိုင်၏ “အောင်မြင်ရေးသော့ချက်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ကွမ်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်မက်မြို့နယ် တွင် ကျောင်းသားကျောင်းသူများ ကျန်းမာရေးအသိရရှိစေရန်၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းစားအန္တရာယ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က အသိပညာပေးနံရံကပ်စာစောင်အား သွားရောက်ပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2
Page
3
Page
4
Page
5
Current page
6
Page
7
Page
8
Page
9
Page
10
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department