ကာလိမြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ကာလိ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ယနေ့ နံနက်(၉) နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ)ကျိုင်းလွန်းကျောင်း ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ရွှေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယဗလ၊ ဉာဏဗလ ၊စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကား ဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအား ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဆောင်ရွက်ခဲ့ပြီး Grade-8 မှ မောင်စိုင်းစိန်းလီက "လူငယ်နှင့်စာပေ " ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မသော်တာလှိုင်က "လူငယ်နှင့်အပြောင်းအလဲ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းစင်လှိုင်းက "လူငယ်နှင့်ဗိုင်းရပ်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းဆိုင်ဟွမ်က "လူငယ်နှင့်သိစိတ်"ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံ၍ မိမိတို့ သိရှိ လိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)